Friday, April 4, 2014

အဖေ့ကို လွမ်းလို့ ဒီသီချင်းကို တင်မိပါတယ်။

ကြည့်တိုင်းလည်း ၀မ်းနည်းမျက်ရည် ကျရတယ် . . . ဒါပေမဲ့ အဖေ့အတွက်မို့ ကျေနပ်နေမိတယ်။

Monday, October 28, 2013

ဝန်ခံခြင်း= http://slip-meepyatite.blogspot.com/  မှ ပြန်လည် မျှဝေပါသည်။

Blog လုပ်နည်း အပြည့်အစုံ
မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi
Font ကိုလည်း Install ပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး
နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့် အဆင့်များကို
ဖော်ပြပါ ခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။

Step 1) Sign in to blogger
Step 2) Display name (or) Author name
Step 3) Name your blog
Step 4) Choose your template
Step 5) Publish your first pest

မှတ်ချက်။ ။ ထိုအဆင့်များပြီးဆုံးလျှင် ဘလော့တစ်ခုကို ရရှိပြီ ဖြစ်ပါသည်။

Step1) Sign to Blogger

မိမိ Gmail Account တစ်ခုရှိပြီဆိုရင် Blog တစ်ခုဖန်တီးရန်အတွက်
www.blogger.com မှာ Sign in တစ်ခုလုပ်ရပါမယ်။ သွားပုံက Browser program တစ်ခုဖြစ်တဲ့ IE (0r) Mozilla ၏ Address bar တွင်www.blogger.com ဟု ရိုက်ထည့်ပြီး Enter key ကိုနှိပ်ပါ။
Blogger home page ၏
အပေါ်ညာဘက်ထောင့်တွင် “ sign in area ” ၏ အပေါ်ရှိ Language တွင် English
ဖြစ်ရပါမယ်။ Email Address (ဥပမာ- 
username@gmail.com) ၊ Password နေရာတွင်
၎င်း Email password တို့ကို ရိုက်ထည့်ပါ။ ပြီးလျှင် Keyboard မှ Enter
ကိုနှိပ်ပါ (သို့) Sign in တွင် Click နှိပ်ပါ။

ဒေါင်းရန်

အလွမ်းပြေထားဝယ် Group မှ ကူးယူဖော်ပြပါသည်။

Sunday, October 27, 2013

♥ မသိသူကျော်သွားသိသူဖော်စား website များ

http:// http://www.zwani.com/ ပုံလှလှလေးတွေ လိုချင်ရင်
http://: http://myanmaritpros.com/ ကွန်ပျူတာ အမေးအဖြေများလေ့လာရန်….
http://www.thelist.com/countrycode.html#top နိုင်ငံများရဲ့ ကုတ်ကို သိချင်ရင်….
http://mmastrology.myanmarbloggers.org/ မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ်
http:// http://chitoophoto.blogspot.com/ blog နှင့် I T နည်းပညာ
http:// http://www.deathclock.com/index.cfm ကိုယ်ဘယ်နေ့  သေမလဲ သိချင်ကြပါသလား….
http:// https://mail.google.com/mail/?ui=2&ik=6af78d8a85&view=att&a…… ကွန်ပြူတာအတွက် နောက်ခံ ကိုယ့်ပုံနဲ့ မြင်ကွင်း…
http:// http://sharingtofrds.blogspot.com/ နည်းပညာ အတွက် လေ့လာရန်…
http:// http://www.myanmarisp.com/computer_ict ကွန်ပြူတာ နဲ့ သတင်း နည်းပညာ..
http://www.imagechef.com/ ကိုယ့်ပုံလေးတွေနဲ့ Logo / Icon လေးတွေလုပ်ချင်ရင်..
http://photofunia.com/ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ဖို့…..
http://www.topsecretemail.com/Encode_Message.cfm Email တွေကို လုံခြုံအောင် ပို့ကြမယ်..
http://www.passwordmeter.com/ သင်သုံးနေတဲ့ Password လုံခြုံမှု ရှိရဲ့လား..စစ်ချင်ရင်…
http://burglish.googlepages.com/fontconv.htm မြန်မာ တခြားဖောင့်မှ ဇော်ဂျီဖောင့် သို့ ပြောင်းချင်ရင်…

Saturday, October 26, 2013

မသုံးချင်တော့တဲ့ gmail & gtalk အကောင့် မေးလိပ်စာ ဖျက်နည်း

အကြောင်းအမျိုးမျိုးကြောင် gmail အကောင့်ကို ဖျက်ပစ်ချင်တဲ့အခါ အောက်ကလင့်

မှာ Singn in ၀င်ပြီး ဖျက်ပစ်နိုင်ပါတယ် အသေးစိပ်ရေးနေတာထက် လက်တွေ လင့်

လေး ပေးလိုက်တာပါ အဲ့လင့်မှာ ၀င်လိုက်ရင် ဖျက်တဲ့နေရာကို တန်းရောက်ပါတယ်

ကဲ့ gtalk & gmail အကောင့်တွေ ဖျက်လို့ ရပါပြီ..........................................။

 ဒီလင့်မှာ ၀င်ဖျက်ပါ  - https://accounts.google.com/b/0/DeleteAccount

ပုံနဲ့ ကြည်ချင်ရင်- http://blog.consultmirror.com/2008/11/gmail-tips-and

Please read this carefully  (မူရင်း အတိုင်းပါ အကောင့်ဖျက်ရင် တွေ့ ပါမည်)

You're trying to delete your Google Account that provides access to the
Google products listed below. Please select each checkbox to confirm you
fully understand that you'll no longer be able to use any of these 

Google App Engine
Blogger
All of your Blogspot and custom domain blogs will be deleted.
FeedBurner
Web History
iGoogle
Gmail
Google Wallet
Google Talk
Google Docs
YouTube 

Facebook account  ကိုအကြောင်းအမျိုးမျိုးကြောင့်  မသုံးချင်တော့လို့  ဖျက်လိုသူများအတွက် facebook account ဖျက်နည်းလေးပါ.
အဖျက်သမားတော့ မဟုတ်ဘူးနော်….  :P . အကြမ်းသမားပေါ့ ….  :D . ဟီးဟီး …….
( ၁ ) မိမိတို့  facebook login ၀င်နေကြ username ( သို့  ) email နဲ့  password ကို ဒီနေရာမှာဝင်ပြီးဖြည့် login ကိုနှိပ်ပါ.
        အောက်ကပုံကိုကြည့်ပါ.

( ၂ ) password တောင်းမည် password ကိုဖြည့်ပြီး continue ကိုနှိပ်.
( ၃ ) delete my account ( သို့  ) submit ကိုနှိပ်.
( ၄ ) password နဲ့  Captcha ကိုဖြည့်  Okay ကိုနှိပ်.အောက်ကပုံကိုကြည့်ပါ.

မိမိတို့ ကျူထားသမျှတွေ ရှုပ်ထားတာတွေ မိမိတို့ ရဲ့  အရှုပ်တော်ပုံကြီး facebook account အနိစ္စသဘောနဲ့ ကိစ္စချောသွားလေပြီ....
                                                                                                                                                    နောင်နောင်

Wednesday, October 2, 2013

စာအုပ်ဒေါင်းရန် -

ကျွန်တော်လည်း တွေ့လို့တင်ပေးလိုက်တာပါ။ ဖတ်တောင်မဖတ်ရသေးဘူး

adopted on 12 Feb 2008 လို့ပါတယ်ဆိုတော့ . . .

ဝါသနာပါရင် အားပေးပါဦး

ဒေါင်းရန်

My Treasure

ကျွန်တော့်ရဲ့ ချစ်သမီး မယမင်းသီရိသွယ်

ထားဝယ်သမိုင်းကို ဘယ်လိုချဉ်းကပ်လေ့လာ ရေးသားမလဲ

Photo    Photo 
သမိုင်းနဲ့ပတ်သက်ရင် လူတိုင်းက သိတယ်လို့ထင်ထားပါတယ်။ လူတွေသင်ကြားလေ့လာတဲ့ ဘာသာရပ်များစွာ ထဲမှာ အငြင်းအခုံအဖြစ်ဆုံး ပညာရပ်ဖြစ်ပါတယ်။ ဒါကဘာကို ပြောလဲဆိုရင် လူတိုင်းစိတ်ဝင်စားလို့ရယ်၊ ကိုယ်တိုင်ပါဝင်ခွင့်ရလို့ရယ်၊ အလွယ်တကူ အချက်အလက်တွေအဆင်သင့်ရှိနေတာရယ်၊ သူပြောငါပြော အနီးအနားမှာ အမြဲလိုလို ကြားနေတွေ့နေရလို့ပါ။ လူ့သဘာဝအရ လူတိုင်းယူဆတတ်တယ်၊ ဂုဏ်ယူတတ် ပါတယ်။ ငါတို့လူမျိုးက ရှေးသိပ်ကျတယ်၊ သိပ်ယဉ်ကျေးတယ်၊ ကြီးကျယ်ခမ်းနားတယ် ဆိုတာမျိုးတွေပါ။ ဗမာ၊ရခိုင်၊မွန်၊ရှမ်းတွေသာမက ယိုးဒယား၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ အားလုံးလိုလိုပါ။
ကိုယ်ပြောချင်တာပြောဖို့အတွက် ကျွန်တော်တို့အနေနဲ့ သက်သေရှာရပါတယ်။ အဓိက သက်သေ(၂)မျိုးရှိပါ တယ်။ သ၀တ္ထုက လို့ခေါ်တဲ့ ပစ္စည်းသက်သေနဲ့ပြောတယ်။ ကျောက်စာလိုမျိုးစာပေအထောက်အထားတွေ၊ ကျောက်၊ကြေး၊သံ၊မြေစတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ၊ အဆောက်အဦးဟောင်းတွေ၊ မြို့ရိုးတွေ၊ ကျုံးတွေစတာ တွေနဲ့ သက်သေပြပြောကြပါတယ်။ နောက်တစ်မျိုးက အ၀တ္ထုလို့ ခေါ်တယ်။ ပုံပြင်တွေ၊ ဒဏ္ဍာရီတွေ၊ ကဗျာတွေ၊ သီချင်းတွေ၊ ဘာသာစကားတွေ၊ ဓလေ့ထုံးတမ်းတွေပါတယ်။
သမိုင်းပညာရပ်မှာ အရေးကြီးတာက အကြောင်းအကျိုးဆက်ကိုရှင်းပြနိုင်ဖို့လိုပါတယ်။ သမိုင်းပြောရင် တုတ်ထမ်းပြောရတယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာတော့ သုတေသနတွေ၊ တူးဖော်မှုတွေလုပ်ပြီး ပြောလာပါ တယ်။ ပေါက်တူးထမ်းပြီးပြောကြလို့ဆိုပါတယ်။ ရာဇ၀င်ဆိုတာ ရာဇ၀ံသဆိုတဲ့ ရှေးမင်းတွေအကြောင်းကို အဓိကပြပါတယ်၊ ပြည်သူလူထုအကြောင်း အသေးစိတ်မသိရပါဘူး။ ဘာသာရေး၊ လူမှုရေး၊ စီးပွါးရေး၊ စစ်ရေး၊ နိုင်ငံခြားရေးတွေကို ဆက်စပ်ဖော်ထုတ်ရတယ်၊ ဒီလိုဖော်ထုတ်တဲ့အခါ အပြည့်အစုံသိဖို့ အလွန်တရာခက်ခဲ့ပါ တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ / ၁၀၀ကိုတောင် ပြန်ဖော်ဖို့ခက်ပါတယ်၊ ၁၀၀၀/ ၂၀၀၀ဆိုရင် ပိုဆိုးပါတယ်။ အချက်အလက်တွေကို အစဉ်အဆက်လေ့လာစုစည်းခဲ့ပြီး နောက်လူတွေက ထပ်ထပ်ဖြည့်ရပါတယ်။ အချက်အ လက်တွေ စုစည်းဖို့လိုသလို ထပ်ဖြည့်ဖို့အတွက် သုတေသနတွေ၊ တူးဖော်မှုတွေလုပ်ရပါတယ်၊ ဒါမှ တဖြည်း ဖြည်းချင်း သမိုင်းဟာ ပေါ်လာပါတယ်။
သမိုင်းကို ချဉ်းကပ်လေ့လာတဲ့အခါ၊ တွေ့ရှိချက်တွေကို ပြန်ပြောတဲ့အခါ နည်းပညာတွေ၊ ပုံစံတွေမတူကြပါဘူး။ ဗမာ့သမိုင်းတွေအပါအ၀င် ကမ္ဘာပေါ်ရှိရှေးသမိုင်းတွေမှာ ဒဏ္ဍာရီဆန်တာတွေ၊ သဘာဝလွန်ဖြစ်ရပ်တွေ အများကြီးပါပါတယ်။ နတ်ဘုရားတွေ၊ နဂါးတွေ၊ ကျားတွေနဲ့ပေါင်းစပ်တဲ့အကြောင်းတွေပါမယ်။ ကြီးကျယ်ခမ်း နားတဲ့ အကြောင်းတွေ၊ ခေတ်လူတွေနားမလည်နိုင်တဲ့ စွမ်းရည်တွေ၊ တန်ခိုးတွေ၊ သရဲတွေတစ္ဆေတွေလည်းပါ တတ်ပါတယ်။ ရှေးခေတ်ကအသုံးပြုခဲ့တဲ့ နည်းပညာတွေ၊ အတတ်ပညာတွေပါတယ်။ နားလည်လက်ခံဖို့ခက်တဲ့ ကောင်းကင်ပျံယာဉ်တွေအကြောင်း၊ စက္ကောမအတတ်၊ အဂ္ဂိရတ်(ဖိုထိုးခြင်း)၊ စစ်ပွဲတွေအကြောင်းပါတယ်။ ဒါတွေကို မဟုတ်ဘူးလို့ လက်လွတ်စဖွယ်ငြင်းမရပါဘူး။ သမိုင်းဖြစ်ရပ်မှန်တွေပါပါတယ်။ ကျွန်တော်ဆရာတစ် ပါးက ပြောတယ်။ ဥစ္စာစောင့်ရှိတယ်လို့ပြောရင် လူနေခဲ့ဘူးတယ်လို့မှတ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဥစ္စာစောင့် က လူသေပြီးမှဖြစ်လို့တဲ့။ ဥစ္စစောင့်မဖြစ်ခင် နေသွားတဲ့လူတွေအကြောင်းလေ့လာလို့ရတယ်လို့ဆိုတယ်။
မြန်မာသမိုင်းတွေဖြစ်တဲ့ ဗမာသမိုင်း၊မွန်သမိုင်း၊ရခိုင်သမိုင်း၊ကရင်သမိုင်းစတာတွေလေ့လာတဲ့အခါ သတိပြု ရမယ့် အချက်လေးတွေရှိပါတယ်။ ရေးသားဖော်ပြတဲ့ သက္ကရာဇ်က (၃)မျိုးရှိပါတယ်၊ သာသနာနှစ်၊သကနှစ်၊ ကောဇာနှစ်တို့ဖြစ်ပါတယ်။ အများအားဖြင့် မြတ်စွာဘုရားရှင်ပွင့်တော်မူစဉ် ဘယ်နှစ်ဝါမြောက်လို့လည်း သုံးတတ်ပါတယ်။ ဗုဒ္ဓဘာသာတွေဖြစ်တော့ ယုံကြည်မြတ်နိုးတဲ့စိတ်နဲ့ရေးပါတယ်။ ပြီးတော့ တကောင်းခေတ်၊ သရေခေတ္တာခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ စစ်ကိုင်းခေတ်၊ တောင်ငူခေတ်၊ ဟံသာဝတီခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် တွေသာမက ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ ကျောင်စကားခေတ်၊ မြောက်ဦးခေတ်တွေအပြင်၊ သုဝဏ္ဏဘူမိခေတ်စတဲ့ ခေတ်အလိုက်ခွဲခြားရေးသားထားပါတယ်။ ရိုးရာအစဉ် အလာအရ ရေးမယ်ဆိုလည်း ၀မ်းသာစရာဖြစ်ပါတယ်။ သာသနာနှစ် ၆၀မှာ မဟာသမ္ဘ၀မင်းအစပြုလို့ ကုန်းဘောင်ခေတ်သီပေါမင်းအထိ မင်းဆက် ၁၃၆ပါးကြောင်းရှိကြောင်း၊ ဒီမင်းတွေရဲ့ရှေ့မှာ မင်း ၁၃၉၃ပါးရှိ သေးကြောင်းတွေဆိုပါတယ်။ တရုတ်တို့၊ အိန္ဒိယတို့မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ( ၅၀၀၀ - ဘီစီ၃၀၀၀)လောက် ကတည်းက မင်းဆက်တွေရှိနေပါပြီ။
အင်္ဂလိပ်တွေမြန်မာနိုင်ငံကို သိမ်းပြီးတော့ ဘာသာရေးကျောင်းတွေမှာ သူတို့ပညာရေးစနစ်ကို စတင်ဖြန့်ပါ တယ်။ ဒီလိုနဲ့ ကမ္ဘာအနှံ့မှာ အင်္ဂလိပ်စနစ်အပါအ၀င်ဖြစ်တဲ့ အနောက်တိုင်းပညာရေးစနစ် ပြန့်ပွါးလာပါတယ်။ မြန်မာသမိုင်းတွေကို အင်္ဂလိပ်စနစ်အတိုင်းရေးခဲ့ကြတယ်။ ငြင်းခုံခဲ့ကြတယ်။ သမိုင်းကို လေ့လာတဲ့နေရာမှာ အနောက်တိုင်းသားတွေရဲ့သတ်မှတ်ချက်အရ ခေတ်တွေကိုဒီလိုခွဲခြားပါတယ်။ အကြိုသမိုင်းနဲ့ သမိုင်းဆိုပြီးခွဲ တယ်။ စာပေအထောက်အထားတွေ့မှ သမိုင်းလို့သတ်မှတ်တယ်လို့ဆိုပါတယ်။ အကြိုသမိုင်းမှာလည်း ပွဲဦးထွက်သမိုင်း၊ အဝေးသမိုင်း၊ အယောင်သမိုင်းနဲ့အစသမိုင်းလို့ခွဲပြန်တယ်၊ ပြီးကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ဆိုတာလည်းရှိတယ်၊ ဒီကျောက်ခေတ်ကိုဘဲ မုဆိုးတံငါခေတ်လို့ဆိုပြန်တယ်၊ ကျောက်ခေတ်မှာလဲ ကျောက်ခေတ်ဟောင်း၊ ကျောက်ခေတ်လယ်နဲ့ ကျောင်ခေတ်သစ်ဆိုပြီးခွဲပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၀က ပရိုင်းမိတ်ရှိပါတယ်၊ အညာသား၊ နွယ်ခွေလူလို့ခေါ်တဲ့လူသား တွေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀၀၀ကစပြီးနေခဲ့ပါတယ်၊ နှစ်ပေါင်း ၁၀၀၀၀လောက်မှာ ပြဒလင်းဂူရှိပါတယ်၊ ကျောက်ခေတ်ဟောင်းလက်နက်တွေ၊ ကျောက်ခေတ်လယ်နဲ့ကျောက်ခေတ်သစ်လက်နက်တွေကို မြန်မာနိုင်ငံ အနှံတွေ့ရပါတယ်။ တောင်သမန်အင်းလိုနေရာတွေမှာ ကြေးခေတ်တွေ့ရတယ်။ တကောင်းမှာ သံခေတ် အထောက်အထားတွေတွေ့ရပါတယ်။
ကျွန်တော်တို့ ထားဝယ်သမိုင်းကို ရေးတဲ့အခါ ကိုယ်ကြိုက်ရာပုံစံနဲ့ ချဉ်းကပ်လေ့လာရေးသားနိုင်ပါတယ်။ မြန်မာသမိုင်းရေးပုံအရ မြတ်စွာဘုရားမပွင့်ခင်၊ ပွင့်တော်မူစဉ်၊ သာသနာနှစ်စသည်ဖြင့်ပေါ့လေ။ ပြီးတော့ ပျူခေတ်ထားဝယ်၊ ပုဂံခေတ်ထားဝယ်လိုမျိုး ခေတ်တွေခွဲပြီးရေးမလားပေါ့။ ဒါမှမဟုတ် အနောက်တိုင်းနည်းလို ကျောက်ခေတ်၊ကြေးခတ်၊ သံခေတ်ဆိုတာမျိုးတွေရေးမလားပေါ့၊ နောက်တနည်းကတော့ သာဂရခေတ်၊ ဝေဒီခေတ်၊ မုတ္တီးခေတ်၊ ဆင်ဆိပ်ခေတ်ဆိုပြီးရေးမလားပေါ့။ ကျွန်တော်တို့ဘောင်လေးတွေချပြီး အစာဖြည့် ထည့်သွားရင် တစ်ချိန်မှာ သမိုင်းရုပ်လုံးပေါ်လာမှာပါ။

ဆရာဇော် (စိတ်ပညာ) ရဲ့ facebook timeline မှ ကူးယူဖော်ပြပါသည်။ 
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေစာအုပ်

အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်။
ဒေါင်းရန်
 နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေစာအုပ်

 လိုချင်သူများ အောက်ကလင့်မှာ ဒေါင်းယူပါခင်ဗျား

ဒေါင်းရန်

ထားဝယ်များသည် ဒေသခံတိုင်းရင်သားများ(သို့) ဌာနေတိုင်းရင်းသားများပါ

Photo: ၂၇.၉.၂၀၁၃ရက်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဆောက်အဦးမှာ လွှတ်တော်ဥက္ကဌကြီးဦးစီးပြီး ဆွေးနွေး ပွဲတစ်ခုလုပ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ရေးဆွဲထားတဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းကို ဆွေးနွေးကြပါတယ်။ပါတီတွေ၊ ၈၈မျိုးဆက်၊ တိုင်းဒေ သကြီးလွှတ်တော်အမတ်တွေ၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ ဥပဒေချုပ်တွေသာမက ထွေ/အုပ်ဝန်ထမ်းတွေ၊ အစိုးရအဖွဲ့တွေ၊ လူထုအခြေပြုအဖွဲ့တွေတက်ရောက်ဆွေးနွေးခဲ့ပါတယ်။
ဒီဥပဒေကြမ်း အခန်း(၁) ပုဒ်မ(၂) အပိုဒ်(င)မှာ တိုင်းရင်းသားလူမျိုးများဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကို ပင်ရင်းနိုင်ငံအဖြစ်သတ်မှတ်၍ စဉ်ဆက်မပြတ်နေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ရှမ်းလူမျိုးများနှင့် ယင်းတို့၏ မျိုးနွယ်စုများကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံသားပြုခွင့်ရသူများ နှင့် ဧည့်နိုင်ငံသားများ မပါဝင်။ ဟု ဖော်ပြပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသား ဟုတ်မဟုတ် စဉ်းစားကြည့်ပေါ့။
နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဒေသခံတိုင်းရင်းသားဆိုတဲ့ သတ်မှတ်ချက်ကိုလည်း လေ့လာစေချင်ပါတယ်။
ILO ၏ အဆိုအရ နိုင်ငံတစ်နိုင်ငံရှိ အခြားသောလူမှုအဖွဲ့အစည်းများနှင့် မတူညီသော လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွါးရေးအခြေအနေရှိသည့်အပြင် ကိုယ်ပိုင် ဓလေ့ထုံးတမ်းများ၊ ဥပဒေများကို ကျင့်သုံးနေထိုင်သည့် လူများ ဟု ဖော်ပြတယ်။ထို့ပြင် နိုင်ငံ၏ နယ်နမိတ်အတွင်း နိုင်ငံသားများအဖြစ်သတ်မှတ်ခြင်းခံထားရသည့် နေထိုင်သူ များမှ ဆင်းသက်ပေါက်ဖွါးလာသူများဖြစ်ပြီး ပထ၀ီဒေသအလိုက်  ကိုယ်ပိုင်ယဉ်ကျေးမှု၊ လူမှု ရေး၊ စီးပွါးရေး နှင့် နိုင်ငံရေး ဆောင်ရွက်နေသော လူများကို ဒေသခံတိုင်းရင်းသားများ (သို့) ဌာနေတိုင်းရင်း သားများဟု ဆိုတယ်။
 ပညာရှင်တစ်ဦး၏ လေ့လာမှု ( Mortinez Cobo study )အရ လူမျိုးတစ်ဦး၏ ကိုယ်ပိုင်သမိုင်းကြောင်း၊ ရှေးအစဉ်အဆက်နေထိုင်ရာဒေသ၊ လူမျိုးတစ်ခုအဖြစ်သတ်မှတ်ခြင်း၊ ယခုအချိန်တိုင် ယင်းသတ်မှတ်ချက်များ တည်ရှိနေသေးခြင်းစသော အချက်များကို ဖော်ပြထားပါတယ်။အများအားဖြင့် ဒေသခံတိုင်းရင်းသားများ(သို့) ဌာနေတိုင်းရင်းသားများဖြစ်ကြောင်းကို အောက်ဖော်ပြပါ အချက်အလက်များဖြင့် သတ်မှတ်နိုင်ပါတယ်။
(၁) နိုင်ငံတစ်ခု၏နယ်မြေအတွင်း နှစ်ပေါင်းများစွာ (သို့)အစဉ်အဆက်လက်ခံထားပြီး ယခုအချိန်တိုင်      တည်ရှိနေသော နိုင်ငံသားအဖြစ်လည်းကောင်း၊ လူမျိုးတစ်မျိုးအဖြစ်လည်းကောင်း သတ်မှတ်ခံထားရသူများမှ ဆင်းသက်ပေါက်ဖွါးလာသူများ၊
(၂) ပထ၀ီအနေအထားအရ ကိုယ်ပိုင်ဒေသအဖြစ်သတ်မှတ်ခံရပြီး ယင်းဒေသအတွင်းနေထိုင်သူများ၊
(၃) ကိုယ်ပိုင်သမိုင်းကြောင်းရှိခြင်း၊
(၄) ကိုယ်ပိုင်ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုနှင့် စီးပွါးရေးလုပ်ငန်းများရှိခြင်း။

ထားဝယ်သည် သီးခြားနယ်မြေဖြစ်သည်။
ပထ၀ီအနေအထား
 ထားဝယ်ဟူသည် လူမျိုးကို လည်းကောင်း၊ ဒေသကိုလည်းကောင်း ရည်ညွှန်းခေါ်ဆိုသော အမည်ဖြစ် တယ်။ အများအားဖြင့် ထားဝယ်ဒေသဆိုသည်မှာ ထားဝယ်ခရိုင်ကို ဆိုလိုပါတယ်။ ထားဝယ်ခရိုင်သည် တနင်္သာရီတိုင်းဒေသကြီးအတွင်းတည်ရှိတယ်။ ထားဝယ်ခရိုင်သည် ဧရိယာစတုရန်းမိုင် ( ၅၄၀၇.၀၉ )မိုင် ကျယ်ပြီး အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်၊ မြောက်ဘက်တွင် မွန်ပြည်နယ် နှင့် တောင်ဘက်တွက် မြိတ်ခရိုင်တို့က ၀န်းရံထားတယ်။
 ထားဝယ်ခရိုင်ကို ထားဝယ်မြို့နယ်၊ရေဖြူမြို့နယ်၊သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်နှင့် မေတ္တာ မြို့နယ်ခွဲ၊ကလိန်အောင်မြို့နယ်ခွဲတို့ဖြင့် ဖွဲ့စည်းထားတယ်။မိုင်(၁၂၀)ကျော်ရှည်သော ထားဝယ်မြစ်တည်ရှိပြီး ယင်းမြစ်ဝှမ်းဒေသတွင် ထားဝယ်လူမျိုးများ အခြေချနေထိုင်ပါတယ်။ ၂၀၁၂ခုနှစ် ထားဝယ်ခရိုင်ပြန်တမ်းအရ ထားဝယ်ခရိုင်အတွင်း လူဦးရေ (၈)သိန်းခန့်နေထိုင်တယ်။
 အစောဆုံး ထားဝယ်ဒေသအပိုင်းအခြားကို စမ္ဗူဒီပဥဆောင်းကျမ်း ( ၂ ၊၂၊ ၁၆၃၈ ) အရ 
   အရှေ့ကိုလားသော် ထားရိုက်က ကျသည့်မြစ် ( တနင်္သာရီမြစ်)
   တောင်ကိုလားသော် တနင်္သာရီမြေနှင့် ကျောခိုင်း ( ပြည်ခြားကျေးရွာ)
   အနောက်ကိုလားသော် ရှင်သူငယ်မော် မောင်းမကန် အနောက်ပင်လယ်
   မြောက်ကိုလားသော် ငှက်ရိုးတော ( မလွဲတောင် )
ဟူ၍ ဖော်ပြပါသည်။ ယခုခေတ် ထားဝယ်ခရိုင်ဖွဲ့စည်းပုံ ခန့်ကျယ်ဝန်းပါတယ်။
 (၁)အလောင်းစည်သူမင်းလက်ထက် ပြည်ထောင်(၂၀)ရှိသည့်အနက် စစ်သည်အင်အား(၂)သိန်းပြုရ သည့်တိုင်းပြည်အဖြစ်လည်းကောင်း၊ (၂)မှန်နန်းရာဇ၀င်ဟံသာဝတီဆင်ဖြူရှင်လက်ထက်ပြည်ကြီး(၅၀)စာရင်းတွင်ဒါးဝယ်ဟူ၍ လည်းကောင်း၊
 (၃) ကောဇာသက္ကရာဇ် ( ၁၁၃၀ခု) (ခရစ် ၁၇၃၈နှစ်)ကုန်းဘောင်ခေတ်ဆင်ဖြူရှင်မင်းရေးထိုးခဲ့သော ပုဂံရွှေစည်းခုံ ထီးတော်တင်ကျောက်စာပါ ပြည်ကြီး(၁၈)ပြည်တွင် ဒ၀ယ်ပြည်ဟူ၍ လည်းကောင်း၊ စသည်ဖြင့် တိုင်းကြီးပြည်ကြီးအဖြစ် ဖော်ပြခဲ့ပါတယ်။
 ထားဝယ်တိုင်းရင်းသားများသည် အသက်မွေးဝမ်းကြောင်းမှုအတွက် ကုန်သွယ်လယ်လုပ်၊ ယာခုတ်၊ ဥယျာဉ်စိုက်ခြင်း၊ ငှက်သိုက်၊ဆီအုန်း၊ သီဟိုဠ်စေ့၊ ရာဘာ၊ကြိမ်၊ရေလုပ်ငန်းနှင့် သတ္ထုတွင်းလုပ်ငန်းများကို လုပ်ကိုင်ကြတယ်။
ထားဝယ်သည် လူမျိုးတစ်မျိုးဖြစ်သည်။
 ထားဝယ်တိုင်းရင်းသားများသည် တိဗက်ဗမာအုပ်စုမှ မြန်မာလူမျိုးအုပ်စုဝင်ဖြစ်တယ်။ မြန်မာတို့နှင့် ကိုးကွယ်ယုံကြည်မှု ဓလေ့ ယဉ်ကျေးမှု ၀တ်စားဆင်ယင်မှုတို့တွင် တူညီကြတယ်။ ရှေးဗမာဟန်ကို ထိန်းသိမ်း ခဲ့ကြတယ်။
 အာဒိကပ္ပကျမ်း
 သက်နှင့်ရခိုင်၊ နှိုင်းပြိုင်တောင်သူ၊ ပြူ ကမ်းယံယော၊ ထားဝယ်နှောက၊ မျိုးသတ္တ ဟုဖော်ပြတယ်။
 လောကဟိတရာသီကျမ်း လူမျိုး(၁၀၁)ပါးစာရင်းအရ မြန်မာ(ရ)မျိုး
 (၁) မြန်မာ၊ (၂)ပြူ၊ (၃)ကမ်းယံ၊ (၄)ယော၊ (၅)ရခိုင်၊ (၆)တောင်သူ၊ (၇)ထားဝယ်ဟု ဖော်ပြတယ်။
 မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း(ဒုတိယပိုင်း) မြန်မာ(၇)မျိုးစာရင်း (၅မျိုးကွဲတယ်။)
၁။ မုံ့ရွေးဆရာတော်အမှတ်အသား
 (၁)ဗြဟ္မာသက်၊ (၂)ရခိုင်၊ (၃)ထားဝယ်၊ (၄)ပြရယ်၊ (၅)တောင်သူ၊ (၆)မြုံသက်၊ (၇) ကမ်းယံ။
၂။ ဘေးရွှေတောင်ဝန်မင်းကြီး မဟာမင်းထင်ရာဇာ အမှတ်အသား
 (၁)ဗြဟ္မာသက်၊ (၂)ရခိုင်၊ (၃)ထားဝယ်၊ (၄)ပြော့၊ (၅)တောင်သူ၊ (၆)ပြူသက်၊ (၇) ကမ်းယံ။
၃။ ဘေးငစဥ့်ကူး ထောင်အင်းစား အသုံးစာရေး မဟာမင်းလှသင်္ခယာ အမှတ်အသား
 (၁)မြန်မာကြီး(ရခိုင်)၊ (၂)မြန်မာငယ်(ပြူ)၊ (၃)ထားဝယ်၊ (၄)ပရယ်၊ (၅)တောင်သူ၊ (၆)ပြုံးသက်၊ (၇)  ကမ်းယံ။
၎။ နိုင်ငံခြားဝန်ထောက်မင်းအမှတ်အသား
 (၁)မြန်မာ၊ (၂)ရခိုင်၊ (၃)ထားဝယ်၊ (၄)မြုံ၊ (၅)တောင်သူ၊ (၆)ပြူ၊ (၇) ကမ်းယံ။
၅။ စဗ္မူတံဆိပ်နှင့် စွယ်စုံကျော်ထင်အဖြေအရ
 (၁)မြန်မာ၊ (၂)ရခိုင်၊ (၃)ထားဝယ်၊ (၄)ထရသ်၊ (၅)တောင်သူ၊ (၆)ပြော့၊ (၇) ကမ်းယံ။ ဟု ဖော်ပြတယ်။
ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပသော (၁၈)ကြိမ်မြောက် ပြည်ထောင်စုနေ့      ( ၁၉၆၅ခုနှစ် ) ပြည်ထောင်စုနေ့အခမ်းအနားလမ်းညွှန်စာအုပ်မှ တိုင်းရင်းသား(၆၉)မျိုးစာရင်း(၃၇)ဗမာထားဝယ်လို့ဖော်ပြတယ်။
၁၉၉၈ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာနအဆိုအရ မြန်မာ ( ၉)မျိုးမှာပါတယ်။ နိုင်ငံခြားသားပညာရှင် ( ဒေါက်တာအဲလီဇဘက်မိုး၊ လန်ဒန်တက္ကသိုလ်)နှင့် နိုင်ငံသား  ပညာရှင်၊သုတေ သီများ၏ လေ့လာတွေ့ရှိ ချက်များအရ ထားဝယ်ဒေသ ( ထားဝယ်ခရိုင် ) အတွင်း ကျောက်ခေတ်သစ်၊ ပျူခေတ်၊ ပုဂံခေတ်မှစတင်ကာ သမိုင်းတစ်လျောက် သမိုင်းဦးမှယနေ့တိုင်အောင် လူနေထိုင်ရာဒေသဖြစ်တယ်။
ထားဝယ်လူမျိုးများတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများရှိသည်။ ကိုယ်ပိုင်နက္ခတ်၊ တာရာရှိသည်။
 ထားဝယ်ဒေသရှေးရိုးရာအကများမှာ (၁)ရမ်းအက၊ (၂)ဒိန်း(ယိန်း)အကနှင့် အိုးစည်အကဆိုပြီး ရှိခဲ့တယ်။ ယခုအခါ ပျောက်ကွယ်လုလုဖြစ်နေသော ထားဝယ်ရိုးရာ ရမ်းအကကို ထားဝယ်ကျေးလက်ဒေသ အချို့တွင် နတ်ပွဲများတွင်သာတွေ့ရှိနိုင်တယ်။ ထားဝယ်ရိုးရာရေအိုးရွက်အကကို ပြည်ထောင်စုနေ့အခမ်း အနား များနှင့် သင်္ကြန်ကာလများတွင် ကပြလေ့ရှိတယ်။
 ထားဝယ်ရိုးရာတေးများကို မြန်မာလိုဒိန်းဟုဆိုသည်။ ထားဝယ်တိုင်းရင်းသားများက ဒီးချင်းဟုခေါ်ပါ တယ်။ အခြေခံပညာကျောင်းသုံးစာအုပ်များတွင် ထားဝယ်တေး၊ ကျေးလက်ရိုးရာတေး၊ ထားဝယ်ဒိန်းသံဟု ဖော်ပြတယ်။ ယင်းဒီးချင်းများနှင့် တွဲဖက်တီးရသောခတ် မိချောင်းစောင်း၊ တရောများလည်းရှိတယ်။ ရှေးမင်းများလက်ထက်တွက်ထားဝယ်တေး၊ထားဝယ်အကဟူ၍ဖော်ပြတယ်။ ထားဝယ်တိုင်းရင်သားများပြောဆို နေကြသောထားဝယ်စကားကိုဒေသိယစကားအဖြစ် ပညာရှင်များက သတ်မှတ်တယ်။ ထို ဒေသိယစကားတွင် ပေါရာဏ၊ မြန်မာ၊ရှမ်း၊ မွန်စကားများရောစပ်လျက်ရှိတယ်။ သို့ရာတွင် မည်သည့် လူမျိုးများနှင့်မျှ မဆက်စပ် သော ထားဝယ်စကားစစ်စစ် စကားလုံးများလည်းတွေ့ရတယ်။
 ထို့ပြင် ထားဝယ်ဒေသအတွင်း ရှေးကျသည့် နတ်ကိုးကွယ်မှု၊ မွေးဓလေ့၊ သေဓလေ့၊ မင်္ဂလာဆောင် ဓလေ့များ ပြုမူဆောင်ရွက်နေဆဲဖြစ်တယ်။ ထားဝယ်ဒေသအတွင်း ဘာသာရေးပွဲတော်များ၊ လူမှုရေးပွဲတော် များ၊ ရိုးရာဓလေ့ပွဲတော်များ ကျင်းပလေ့ရှိတယ်။
 ထို့ကြောင့် ထားဝယ်သားတို့သည် မြန်မာနိုင်ငံအတွင်းနှစ်ပေါင်များစွာ နေထိုင်ရှင်သန်ခဲ့သည့် တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ပြီး ကိုယ်ပိုင်နယ်မြေ၊ ဒေသ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများရှိသည့် မြန်မာနိုင်ငံသားများဖြစ်တယ်။ သို့ဖြစ်ပါ၍ ထားဝယ်ဒေသ ( ထားဝယ်ခရိုင် ) အတွင်း နေထိုင်ကြသော ထားဝယ်များသည် ဒေသခံတိုင်းရင်သားများ(သို့) ဌာနေတိုင်းရင်းသားများဖြစ်တယ်။ 
၂၇.၉.၂၀၁၃ရက်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဆောက်အဦးမှာ လွှတ်တော်ဥက္ကဌကြီးဦးစီးပြီး ဆွေးနွေး ပွဲတစ်ခုလုပ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ရေးဆွဲထားတဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းကို ဆွေးနွေးကြပါတယ်။ပါတီတွေ၊ ၈၈မျိုးဆက်၊ တိုင်းဒေ သကြီးလွှတ်တော်အမတ်တွေ၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ ဥပဒေချုပ်တွေသာမက ထွေ/အုပ်ဝန်ထမ်းတွေ၊ အစိုးရအဖွဲ့တွေ၊ လူထုအခြေပြုအဖွဲ့တွေတက်ရောက်ဆွေးနွေးခဲ့ပါတယ်။